Thursday, March 19, 2009

“ကြယ်ကြွေဗိသုကာ”


ငါ့အလွမ်းတွေ တိုင်မှာချိတ်
တစ်ယောက်တည်းလည်း နေရဲခဲ့ပြီ။
ငါ့ မျက်နာမှာတော့ အပြုံးတစထွန်းလို့
ဒါဘ၀ ရဲ့အရင်းနှီး.......
ငေးမောတွေးတောဖူးစ။ ။

ငါ့မာန၊ငါ့အတ္တ နဲ့ဘဲ
ငါကိုယ်တိုင် မသိမသာ ရှူံးနေပြန်တယ်။

ဆောက်လက်စ ဒဏ်ရာအဟောင်းက
ရင့်ကျက်မှု လှေခါးတွေနဲ့
အနာကျက်လိုက် တစ်ဆင့်တက်လိုက်

ယုံကြည်ခြင်းပြတင်းတချပ် ကနေ
ငါအဆုံးထိလှမ်း ကြည့်တယ်...
တကယ်တော့ ဒါဘ၀ရဲ့ အချည်းနှီး........
ငေးမောတွေးတောဖူး၏ ။ ။

2 comments:

နွေးနေခြည် said...

ကိုပြား ဘာတွေ ဖြစ်နေသလဲကွယ်

Anonymous said...

ဆောက်လက်စ ဒဏ်ရာအဟောင်းက
ရင့်ကျက်မှု လှေခါးတွေနဲ့
အနာကျက်လိုက် တစ်ဆင့်တက်လိုက်

နာကျင်ပေမယ့်..လှေခါးဆုံးရင်တော့ အမြင့်ကိုရောက်နိုင်မယ်မဟုတ်လား...လှေခါးဆိုတည်းက
လှော်ခတ်တယ်ဆိုတဲ့ လှေ နဲ့ခါးသက်မယ့် အနက်တွေပါနေတယ်လေ တောင့်ထား မောင်ဘီးရေ့း)