Sunday, March 22, 2009

အိုဘယ့် .....CHANGI






Changi(ချန်ဂီ) ဆိုတဲ့ အသံကြားရင် ကျွန်တော့် ရင်ထဲ သိမ့်ကနဲဘဲ ဘာရယ်မဟုတ်ဘူး အဲဒီအသံကြားရင် စိတ်ထဲ အလိုလို တစ်မျိုးကြီးကို ဖြစ်ဖြစ်သွားတယ်။ ဒီလိုဖြစ်လောက်အောင်လည်း ကျွန်တော် ရောက်တိုင်း သူဆီကခံစားမှု တစ်ခုမဟုတ်တစ်ခု မရိုးအောင် ရခဲ့တာကိုး။

"အိုဘယ့် .....Changi နင် လုပ်ရက်တယ်"

ပထမဆုံး ကျွန်တော် သူ့ ဆီ စစရောက်ချင်းတော့ ကျွန်တော် ကိုယ်တိုင်ကျေနပ်နေမိတာဝန်ခံရမှာဘဲ။ သူက ခမ်းနားကျော့ရှင်းသလို သန့် ရှင်းသပ်ရပ်မှုကလည်း ကျွန်တော်တွေ့ ဖူးသမျှတော့ သူမတူအောင်ပါပဲ။ အဲဒီ အချိန်က သူရဲ့ ထည်ဝါမှုတွေနဲ့ အတူ ကျွန်တော်ပြုစားခံလိုက်ရပြီဆိုတာ ဘယ်သိခဲ့ဦးမလဲလေ။

"ဟုတ်တယ် Changi နင် ငါ့ကိုပြုစားခဲ့တာဘဲလေ။ ငါက မှင်သက် အံ့သြစရာတွေနဲ့ နင်ခေါ်ဆောင်ရာဆီ စူးစမ်းစိတ်အပြည့်နဲ့လိုက်ခဲ့မိတာကိုး။ နင့်ကိုမတွေ့ခင် ငါ့ရင်တွေ ခုန်ရကျိုးနပ်အောင် နင်ဖျော်ဖြေနိုင်ခဲ့တာ ငါမငြင်းပါဘူး။ အမှန်အတိုင်းပြောရရင် ငါအကျေနပ်ကြီးကျေနပ်ခဲ့သေးတယ်။"

ဒီလိုနဲ့ ကျွန်တော်ရဲ့ပထမဆုံး CHANGI အဖွင့်က လှပခဲ့တယ်ဘဲဆိုပါတော့။ဟုတ်တယ်လေ။ စင်ကာပူရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ကို ပထမဆုံး ရောက်လာတဲ့မြန်မာတစ်ယောက်အဖို့ CHANGIဆိုတာ ရောက်ရောက်ချင်း ရင်သပ်ရှုမောစရာ ပြဇာတ်တစ်ပုဒ် ဖွင့်ပြခဲ့တဲ့ ပြဇာတ်ရုံကြီးတစ်ရုံပဲပေါ့။
ဒုတိယအကြိမ်ကျတော့ CHANGI ကို ရောက်တာ နည်းနည်းတော့စွန့်စားမှု ဆန်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒါဟာ မဟာစွန့်စားခန်းဘဲပေါ့။

" CHANGI မင်းနဲ့ငါတွေ့ပြီ"

အကြောင်းကတော့ စင်ကာပူမြိုသိပ်ခဲ့ရတဲ့ ကျွန်တော်ခံစားချက်တွေ ဖွင့်ဟဖို့ လူမသိသူမသိ ရန်ကုန်ကိုခိုးလစ်ခဲ့တာပါ။ မိဘ မသိအောင်ခိုးလုပ်ရတာဆိုတော့ ရင်တုန်ဖို့တော့ကောင်းသား။ တခုခုချွတ်ချောမှာကိုစိုးရိမ်တာလည်းပါတာပေါ့လေ။ဒါပေမယ့် ဗျာ။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာပြည်ကို ပြန်ရဲရမှာပေါ့။ ဟုတ်ဘူးလား။ ဒီလိုနဲ့လေယာဉ်ဘီး စင်ကာပူမြေကကြွတော့ ကျွန်တော် Changiကို ပြုံးပြုံးကြည့်ခဲ့တယ်။

"Changi .....မင်းကို ငါနိုင်ပြီ ဟ ဟ"

အဲဒီတုန်းက နိုင်တယ်ထင်ခဲ့တာကိုး။ အချိန်တန်လို့ စင်ကာပူပြန်ရောက်တော့ changi ကဘာမှမပြောဘူး။
ကျွန်တော်ကတော့ ကို့အရှုံး အတွက် ခေါင်းငုံ့ပြီး သူ့ရှေ့ကဖြတ်လျှောက်ခဲ့ရတာပါဘဲလေ။
"Changi မင်း ငါ့ကိုကြိတ်ရီနေမှာပါ ..."

ဒီလိုနဲ့ ၂၀၀၇ ဒီဇင်ဘာ ကျတော့ changi နဲ့ကျွန်တော် နောက်တစ်ကြိမ်ပြန်ဆုံပါတယ်။ ဒီတခါတော့ အရင်အခေါက်လို ခိုးကြောင်ခိုးဝှက်မဟုတ်တော့ဘဲ မွေးမြေရပ်ဆီ ပြန်ခွင့်ရပါပြီ။ အဲဒီ ကြည်နူးမှုကို ဒီနေ့ထိ မမေ့နိင်ခဲ့ဘူး.... ဒီတစ်ခါတော့ ကျွန်တော် changi ကို ပြုံးတော့မပြ ရဲတော့..ဒါပေမယ့် changi ပေးတဲ့ လက်ဆောင်တစ်ခု ကျွန်တော်ပိုက်လို့ အမေ့ဆီကိုပြန်လာခဲ့ပြီလေ။ အဲဒီနေ့ က မှတ်မှတ်ရရ ဒီဇင်ဘာ၃ရက် အမေ့မွေးနေ့။ ၁ နစ်ကြာဝေးကွာနေတဲ့ မိသားစု နဲ့ ဆုံခွင့်ရတော့မယ်ဆိုတဲ့အပျော်စိတ် ကို changi မှာမွေးဖွားနိင်ခဲ့ပြီလေ။ ကျေးဇူးပါ changi ။ ငါ မင်းနဲ့ပြန်တွေ့ရဦးမှာပါ။ ငါနားလည်ပါပြီ.....။

တစ်နစ်ကြာဝေးကွာခဲ့ရတဲ့ မိသားစုတွေ၊သူငယ်ချင်းတွေ နွေးထွေးမှုကြောင့် ချမ်းစိမ့်တဲ့ရန်ကုန်ဆောင်းကို ကျွန်တော် အရသာရှိရှိ ဖြတ်သန်းစီးမျောခဲ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်ကအပြန် changi လေဆိပ်မှာတော့ အသွားတုန်းကရန်ကုန်လေဆိပ် မှာလို တွေ့ချင်စိတ်အပြည့်နဲ့ ကျွန်တော်ပြန်အလာကို မျော်လင့်တကြီးစောင့်ကြိုမယ့်သူတစ်ယောက်မှမရှိပါဘူး။ စိတ်ထဲမှာတော့ အထီးကျန်ခြင်း၊၀မ်းနည်းခြင်း၊အေးစက်ခြင်း တို့ရောယှက်နေ၏။

“changi! ခုတော့ မင်းက ငါ့ ဆောင်းအိပ်မက်ချိုချို ကို လှုပ်နှိုးလိုက်ပြီပေါ့”

ပြီးတော့ ကို့အစီအစဉ် နဲ့ ကို luggage လေးဆွဲ MRT (public train) လေး ငိုက်ပြီးစီးရင်း စင်ကာပူကကျွန်တော် စံမြန်းရာ အခန်းလေးထဲ ပြန်ရောက်ခဲ့တယ်ဆိုပါတော့။
ဒီလိုနဲ့ပြန်လိုက်သွားလိုက် လုပ်နေလိုက်တာ ကျွန်တော်စင်ကာပူရောက်ပြီး ၂နှစ် အတွင်း changi နဲ့အကြိမ်ကြိမ်ဆုံတယ် လို့ပြောရမှာပါဘဲဗျာ။ ဆုံတိုင်းလည်း သူနဲ့ကျွန်တော် ထုံးစံအတိုင်း ပြောင်ပြလိုက်၊ထိပ်ပုတ်လိုက် ပေါ့။ ဒါပေမယ့် ခုချိန်ထိတော့ ကျွန်တော် သူ့ကို ရှုံးနေတုန်းပါဘဲလေ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ကတော့ အမေနဲ့အဖေ ကျွန်တော်နဲ့အတူ စင်ကာပူကို အလည်လိုက်လာပါရော။ အမေနဲ့အဖေ စင်ကာပူ မှာ ၂ပတ်လောက် နေပြီး အပြန်မှာတော့ သူတို့ကို လိုက်ပို့ရင်း changi ကို ကျွန်တော် နောက်ဆုံးအကြိမ်ရောက်ခဲ့ပါတယ်။ အလာတုန်းက ဘာမှမယ်မယ်ရရ မခံစားရတော့ပေမယ့် အမေနဲ့အဖေ နှုတ်ဆက်စကားပြောအပြီး ကျွန်တော့်ကို ကျောခိုင်းထွက်သွားတဲ့ မြင်ကွင်းကိုတွေ့ရတော့ ရင်ထဲမှာ ချက်ချင်းဘဲဆို့တက်သွားတယ်ဗျာ။ ဆက်ပြီး မကြည့်နိင်တော့လို့ မျက်လုံးတွေကို ရုတ်တရက် မှိတ်လိုက်ရတဲ့အထိပဲ။ ဒီခံစားမှုက ငယ်ငယ်က မူကြိုပထမဆုံးတက်တဲ့နေ့ အမေနဲ့အဖေ ကျွန်တော်ကို ကျောင်းမှာထားခဲ့ပြီးပြန်သွားသလိုပေါ့။ ၀မ်းနည်းစရာကောင်းပါတယ်။ မိဘရဲ့နွေးထွေးလုံခြုံတဲ့ရင်ခွင်လောင်းရိပ် ကနေ တဖန် လွင့်ထွက်သွား ပြန်ပြီလေ။ အလိုလို အားငယ်စိတ် ဖြစ်လာတော့တာပါဘဲ။ ကျွန်တော်ကိုယ်တိုင် လည်း သူတို့ကို ကျောခိုင်းထွက်လာခဲ့လိုက်တယ်။

“changi ဒါ မင်း ပေးတဲ့လက်ဆောင်ဘဲ ပေါ့လေ ဟုတ်လား? ”

ဟုတ်ပါတယ်။ ကျွန်တော် ကြိုးစားရဦးမယ်။ စင်ကာပူမှာနေပြီး ကျွန်တော့်ဘ၀ခြေလုမ်းများ ကိုရှေ့ဆက် ခရီးနှင်ရဦးမည်။ ကျွန်တော် လက်တွေကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း .....
“changi တနေ့ကျရင် ငါ မင်းကို အနိုင်ပိုင်းပြမယ်”

ံကြိုးစားပါဦးမည်။
မောင်bee

8 comments:

နွေးနေခြည် said...

Changi ဆိုတဲ့ စကားလုံးနဲ့ လေယာဉ်ပျံတဲ့ အသံကြားရင် မခံစားနိုင်ဘူး ကိုပြားရယ်

myohan said...

haha.. minn ka changi. ngar ka tot Suvarnabhumi pot kwar... be strong tha ngal chin :D

g|-|0$7 said...

မနက်အစောကြီး MRT ပေါ်မှာ Coat ကြီး ၀တ်သွားတာလဲ ထည့်ရေးဦးလေ... ငါရိုက်ပေးထားတဲ့ ပုံတောင်ရှိသေး

g|-|0$7 said...

ငါတို့ရဲ့ အိမ်တွင်းဖြစ် ကြိတ်ဝိုင်းလေးတွေအကြောင်းလည်း ရေးဦးလေကွာ... ငါ့မှာ ဓာတ်ပုံတွေရော... ဓာတ်ရှင်တွေရော အကုန်မှတ်တမ်းရှိသေးတယ်... လိုရင်ပို့ပေးလိုက်မယ် :P

Ž said...

ရေးမယ်ဆိုရင်...အဲဒီ့ Coat ကြီးကို ဘယ်သူတွေနဲ့ ဘယ်လို ပြေးဝယ်ခဲ့ရလည်းပါထည့်ရေးနော်။ ဟီးဟီး...
ပြီးတော့....သိပ်ပြီးလည်း ကြိမ်းဝါးမနေနဲ့ဦး။ CHANGIက တင်းပြီးပြန်မလွှတ်တော့မှ Singapore မှာငုတ်တုပ်မေ့နေမယ်။

မောင်bee said...

ဟဟ .....အဲဒီ coat အကြောင်းမပါရင်ကောင်းမယ်ထင်တယ်... :P

ဖိုးဂျယ် said...

ဟုတ်ပါ့ တင်းပီး ပြန်မလွှတ်ရင် ကွိုင်နော်

ZT said...

Post မဖတ်ခင် Changi ဆိုတဲ့ စာလုံးတွေ့တာ မျက်စိထဲ လေယာဉ်ကွင်း မမြင်ဘဲ Changi Prison ကြီး ရုတ်တရက် ပြေးမြင်လိုက်မိတယ်ဗျာ။ ဆောရီး။ :D