Sunday, April 12, 2009

တခါက သင်္ကြန်နေ့ရက်များ....


"အချိန်တန် ဂိန်မာန် နွေဦးဝယ် .. မသွေအမှန် တောင်ပြန်လေမြူးတယ် အချိန်ခါဝေဆာ ပွင့်အလာထူးတဲ့ အို ပိတောက်ဦး ရယ်"

သူငယ်ချင်း ရွှေချိုတင်ထားတဲ့ ဒီG-talk status ကိုတွေ့တော့... အင်း... ဟုတ်ပါရဲ့ ...ဘာလိုလိုနဲ့ ..သင်္ကြန် ....သင်္ကြန်ကျပြန်ပြီပေါ့....
ဝေးရပြန်ပြီ သင်္ကြန်ရေ...
ဒီတစ်နစ်လည်း သင်္ကြန်ဆိုတာဘာမှန်းမသိဘဲ ကျော်ဖြတ်ရဦးမယ်ထင်ပါ့....

တကယ်ပါဗျာ.. အရင်ကသင်္ကြန် နှစ်တိုင်းကျရတော့ ဒီတန်ဖိုးကို မသိခဲ့တာ အမှန်ဘဲ။
အခုတော့... သင်္ကြန်မကျရတာ ဒီနစ်နဲ့ဆို ၃နစ်ရှိပြီ ဗျ။ (ငိုချင်တယ်..)
မြန်မာနဲ့သင်္ကြန်ဆိုတာ ခွဲလို့မှမရဘဲ....ဟုတ်စ။
အစကတော့ ရန်ကုန်ပြန်ဖို့စိတ်ကူး ရှိခဲ့ပေမယ့် ... တကယ်တမ်းကျတော့ ပြန်လို့မရပြန်ဘူးလေ။
၃နစ်ဆိုတော့ လည်း နည်းနည်းတော့ ထိတာပေါ့ အဟင့်။(ရင်ထဲမှာပြောပါတယ်...ဗျာ)
ထိတာလည်းမပြောနဲ့ ..ရန်ကုန်မှာရှိတုန်းက သင်္ကြန်ဆိုမောင်ဘီးတို့လွှတ်ပျော်ခဲ့ရတာကိုး..
ဒီ post ကတော့ ပျော်စရာကောင်းတဲ့ အတိတ်က သင်္ကြန်အကြောင်းတွေ စမြုပ်ပြန်ရင်း မောင်ဘီးလိုဘဲ သင်္ကြန်မှာ မွေးရပ်မြေနဲ့ဝေးပြီး..ကမြင်းချင်ရက်..အဲအဲ ..ပျော်ချင်ရက်နဲ့ မပျော်နိင်တဲ့ သူငယ်ချင်းများအတွက် သင်္ကြန်အလွမ်းပြေ post ပါဗျာ။ (ဒါဘဲ လုပ်လို့ရတာကိုး..နော့..)


<>:D

ကဲ! တခါက မောင်ဘီး တို့သင်္ကြန်နေ့ရက်များကို စမြုပ်ပြန်ရမယ်ဆိုရင် တော့ ဒီလိုဗျ။


ရာသီချိန်မှီ ပွင့်တဲ့ ပိတောက်ရနံ့ နဲ့အတူ သင်္ကြန်ချိန်ခါ ရောက်လို့လာပြီ ဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတတွေ အပီ သောင်းကျန်းဖို့ ဆိုင်းပြင်းနေပါပြီ။ ဈေးသင်္ကြန်နေ့ မရောက်ခင် တရက်လောက် ကတည်းက တယောက်ကတယောက် ဆီ ဖုန်းဆက်ပြီး လူစုနေပြီဗျ။

' ဟေ့ကောင် ချစ်လုံး လား? မင်းအိမ်မှာလား ..အေး ညနေ ငါလာခေါ်မယ် ...ဟိုကောင်ချီးချီးဆီ လည်းဆက်ပြီးပြီ။ မင်း ရွှေချိုကို ဆက်ထား လိုက်ဦး အဲဒီ လဒ က တော်ကြာ လျှောက်ဒိုးနေဦးမယ်..အေး ok!"

ဒီလိုနဲ့ ညနေ ကျွန်တော်ကဘဲ အားလုံးကို ကားနဲ့လိုက်ခေါ်ပြီး လူစုဖြစ်ကြတယ်။ လူစုတယ်ဆိုတာ လည်း ဒီကောင်တွေအားလုံးက သင်္ကြန်ဆို ကျွန်တော့်အိမ်မှာဘဲနေကြတာ ဆယ်တန်းအောင်စကတည်း ကဆိုပါတော့။ အားလုံးက အထုပ်တွေ အပိုးတွေ နဲ့ မသိရင် အိမ်ပြောင်းလာသလား မှတ်ရတယ်။ တကယ်တော့ ဈေးသင်္ကြန်နေ့ ဆိုတာကလည်း သင်္ကြန်ကျဖို့ တရက်လိုသေးတာကိုး။ ဒါပေမယ့် အဲဒီနေ့ ကတည်းက အနော်တို့က လူစုံနေပြီ။ မဟုတ်ရင်လူစုတာ နဲ့တင် အချိန်ပွန်းမှာ စိုးတယ်လေ။ ဒါမျိုးက အပွန်းခံလို့ ဘယ်ဖြစ်မလဲ... ;D ဟီး.... ၁နစ်မှ ၁ခါကိုးဗျ။

ဈေးသင်္ကြန်နေ့။

ဈေးသင်္ကြန်နေ့ဆိုတာနဲ့ ကားနဲ့ မဏ္ဏပ်တွေ လိုက်ကြည့်လိုက် သူငယ်ချင်းတွေ စုံစုံလင်လင် tea shop တခုမှာ ထိုင်ပြီး ရီစရာတွေထိုင်ပြောလိုက်ကြနဲ့ တော်တော် ကို ပျော်စရာကောင်းနေပါပြီ။ ညနေဘက် ရောက်လို့ ကားနဲ့သွားရင်း လမ်းမှာ ကောင်မလေး လန်းလန်း လေးတွေ တွေ့တာနဲ့ လှမ်းစကြ ပြောင်ပြကြ နောက်ဆုံး သေနတ်နဲ့ပစ်တဲ့ အထိဘဲ။ ( ရေပြွတ် သေနတ် နော်.. :D ဟီး )
အဲဒီ ကောင်မလေးတွေကတော့ မနက်က ဘုရား မရှိခိုးခဲ့ဘူးနေမှာပေါ့.. ဒါကြောင့် အနော်တို့နဲ့တွေ့တာ.. ;)
‘သင်္ကြန်မကျခင်ရေပက်တယ် ချိတ်ချိုးပါနဲ့ကွယ်…’

‘ပြွတ်’ ‘ပြွတ်’ (ရေသေနတ်ပစ် သံ) :D

အမယ် တချို့ကောင်မလေး ကျတော့ လည်း ကို့ထက်တောင် ဂေါ်သေး။
ကိုယ်က စရင် သူတို့က ပြန်အော်၊ ကိုယ်ကတရားဝင် ပက်လို့မရသေးလို့ ရေသေနတ်လေးနဲ့စတိလောက် ပက်တာကို သူတို့က ခွက်နဲ့ပြန်ကစ် တာ သင်္ကြန်မကျခင်ညကတည်းက မောင်ဘီးတို့တတွေ ရွှဲနေပြီ။ ကောင်း ရော...။

ဒီလိုနဲ့ဘော်ဒါတွေတပြွတ် လူစည်တဲ့ YKKOကြေးအိုး ဆိုင်လို ဆိုင်မျိုးမှာဝါးတီး ဖွင့်ကြ ရှေးဟောင်းနောင်းဖြစ်တွေပြောကြ၊ ဘေးဝိုင်းတွေ ကွက်ကြည့် ကွက်ကြည့် ဖြစ်အောင်လှောင်ကြ နဲ့ သင်္ကြန်မတိုင်ခင် ညမှာတင် တော်တော် တိုင်ပင်ကိုက်နေကြပြီလေ။

သင်္ကြန်အကြို နေ့။

ဒီလိုနဲ့အကြိုနေ့ မနက်မှာတော့ ရည်းစားရှိတဲ့ အနော်တို့အဖွဲ့သားတွေ အလုပ်စရှုပ်တော့တာပေါ့ဗျာ။ အကြောင်းကတော့ ဘသားချောတွေက ကို့ရည်းစား ပထမဆုံး စိုမယ့် သင်္ကြန်ရေဟာ ကိုယ်လောင်းတာဘဲ ဖြစ်ချင်ကြတယ်လေ။ဒါနဲ့ သူ့ရည်းစား ဆီ အရင်ဒိုးမယ် ငါ့ရည်းစားဆီ အရင်သွားမယ် ငြင်းကြခုံကြနဲ့ နောက်ဆုံး ကျားဘိုဆွဲ ဖို့လုပ်ကြပေါ့။ ဒါပေမယ့်လူကများတော့အဖြေကမပေါ်။
ဒါနဲ့ ဘောလေး အကြံပေးတဲ့အတိုင်း....

“ဗြောင်းနောင်နောင် ဗေဗေဂျိ~~ နည်း သူ first~ များသူ ဘိတ်~~ ဗြောင်းနောင်နောင် ဗေဗေဂျိ”

ကိုင်း! ပြတ်ကရော… :D

ရည်းစားမရှိတဲ့ကောင်တွေကလည်း တက်ညီလက်ညီ လိုက်ပြီးမြောက်ပင့် ဘေးတီးကြသေးတယ်။တပျော်ကြီးကိုပေါ့ ဗျာ။ ဒီလိုနဲ့ တအိမ်တက် တအိမ်ဆင်း လူစေ့တဲ့ အထိလောင်းတော်မူကြလေတယ်။
ဒါနဲ့ ပြောရဦး မယ်ဗျာ။
ကျွန်တော့် အဖေက နှစ်တိုင်းလို ကျွန်တော်တို့ဆော့ဖို့ဆိုပြီး အိမ်ရှေ့မှာတင် မဏ္ဏပ်အသေးလေး လုပ်ပေးပါတယ်။
ကျွန်တော်တို့သူငယ်ချင်းတစုကလည်း အပြင်မဏ္ဏပ်တွေသွားထိုင်ရတာထက်စာရင် အိမ်မှာ ကို့ အဖွဲ့လေးနဲ့ကိုပျော်ရတာကိုပိုကြိုက်ကြတယ်။ ကိုအဖွဲ့ဆိုလို့လည်း ကြည့်ဦး လူက ဘောလုံးတသင်းစာလောက် ဖြစ်နေပြီလေ။ တကယ်တမ်းပြောရင် အကြိုနေ့ကတော့ မဏ္ဏပ်မှာလည်း ရေမပက် အပြင်လည်း မလည်ဖြစ်ကြဘဲ အိမ်ထဲမှာဘဲ တခြား game တွေဆော့ movie တွေကြည့်ပြီး ကုန်ဆုံးတာများပါတယ်။
အဲ ညပိုင်းမှာတော့ အင်မတန်ပျော်စရာကောင်းတဲ့ အစီအစဉ်တခုရှိပါတယ်။
အဲဒါကတော့ guitar ၀ိုင်းပါဘဲ။သင်္ကြန်နဲ့ ဘာမှမဆိုင်ပေမယ့် ဒီလိုလူစုံသက်စုံ ဖြစ်ဖို့ကသင်္ကြန်ဘဲရှိတာလေ။
ရွှေချို ဆိုနေကျ အဲလက်စ် ရဲ့ 'သင်္ကြန်ညနေခင်းလေး' သီချင်းက အားလုံးရဲ့ hitz ဖြစ်ခဲ့တာပေါ့။
ဒီလိုနဲ့တယောက်တပေါက် ဟဲလိုက်ကြတာ တော်တော်နဲ့မအိပ်ဖြစ်ကြဘူး။

~~ သင်္ကြန်ညနေခင်းလေး ရောက်ပြီ xxx သင်္ကြန်ညနေခင်းလေး တမျိုးဘဲ xxx
သင်္ကြန်ညနေခင်းလေး လွမ်းသလို xxx x သင်္ကြန်ညနေခင်းလေး ဆွေးလို့~~


သင်္ကြန်အကျနေ့။
နောက်တနေ့မနက် ကျတော့လည်း တော်တော် နဲ့မထဖြစ်ကြပြန်ဘူး။ ထတော့လည်း မနက်ပိုင်းကို အိမ်က မဏ္ဏပ်မှာဘဲနေကြပြီး ရှပ်ကီးလေး နည်းနည်း ထုကြ ရေလေးပက်ကြ နဲ့ ok နေကြပြန်ရော။
အိမ်ရှေ့ဆိုပေမယ့် သင်္ကြန်ဆို ကျွန်တော်တို့လမ်းက တော်တော် စီပါတယ်။စီဆို ဒီလမ်းက ရန်ကင်း၊ဆရာစံလမ်းနဲ့ တကသိုလ်ရိပ်သာလမ်း ကိုဆက်ထားတဲ့ အဓိကဖြတ်လမ်းဖြစ်လို့ ပါဘဲ။ နည်းနည်းနောက်ကျ ရင် သင်္ကြန်ကားတွေပိတ်ပြီး အိမ်ထဲကကားတောင် အပြင်ထွက်မရတဲ့ အထိပါဘဲ။
ဒီလိုနဲ့ ညပိုင်းရောက်တော့…
ထုံးစံအတိုင်း မဏ္ဏပ်ပေါ်မှာ ကျွန်တော်တို့ guitar ၀ိုင်းလေး စိုပြေနေတာပေါ့လေ။အဲဒီမှာတင် ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး ဖြစ်တဲ့ ဇေယျာမြင့်က ပြသာနာကို မီးထွန်းရှာ ပါတော့တယ်။
အကြောင်းကတော့ ဒီလိုဗျ ။ ဒီကောင်က ညနေက ရေပက်ရတာ အားမရလို့ထင်ပါ့ မဏ္ဏပ်ပေါ်ကနေမပြောမဆို နဲ့ ညကြီးအချိန်မတော် ဗျာ လမ်းကလာတဲ့ ကားကို ရေပုံးနဲ့ ဗွမ်း ကနဲ လှမ်းဆွဲလိုက်ပါရော။ ဘာပြောကောင်းမလဲ။ ကားပေါ်က အဒေါ်ကြီးတယောက်ဆင်းလာပြီး ဒီကောင့်ကို ကောင်းကောင်းရန်တွေ့တာပေါ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒီကောင် ဘဲ လက်တည့်တာလား ဘယ်လိုပက်လည်းတော့မသိဘူး ဟို အဒေါ်ကြီး ခမျာ ခေါင်းကနေ ခြေထောက်ထိ ရွှဲ လို့။
ခွီး :D ဆိုးချက်..
နောက်ဆုံး အပြောကောင်းတဲ့ အဖေ သူငယ်ချင်းတယောက်လာပြီးတောင်းပန်ပေး တော့မှ ကျေနပ်သွားလေရဲ့… ဟီးဟီး။ပြောပုံလည်း ကြည့်ဦး..

“ကလေး တွေက ဒီလိုဘဲ အမကြီးရဲ့ ဘာမှ နားမလည်ကြဘူး စိတ်မရှိပါနဲ့ဗျာ.. ဟကောင် မင်းကွာ…ညကြီးအချိန်မတော် ရေပက်ရလား”

ကျွန်တော့်ကောင် ဇေယျာမြင့် ကလည်း ကြောက်ကြောက်နဲ့ဆင်ခြေပေးလိုက်သေးတယ်။

‘ အနော် က ရေသွန်တာ ဒီကားက ဖြတ်ဝင်လာတာနဲဆုံသွားလို့’

‘ဘာ ရေသွန်တာ ဟုတ်လား မင်းရေသွန်တာ ကားပြတင်းပေါက်ထဲဝင်အောင် သွန်ရဘူးလေ မဟုတ်ဘူးလား
အမကြီးရယ်’ :D
ကျွန်တော်တို့ဆိုတာ ပြောပြောပြီး ရီလိုက်ရတာ အူပေါက်မတတ် ဘဲ ။ ခွီး .ခွီး :D
သူ့ လက်ထက်ကျမှ ရေသွန်တာ ကားထဲဝင်အောင်သွန်ရတယ်လို့ဗျာ။ အဲလိုကောင်တွေ …….

သင်္ကြန်အကြတ်နေ့။

နောက်တနေ့ အကြတ်နေ့မှာတော့ ညနေပိုင်း ကားနဲ့ချောင်တဲ့နေရာ လေးတွေ လည်လိုက်ကြပါတယ်။ လမ်းတလျှောက်ရောင်းတဲ့ ဆိတ်ကင်၊ သရက်သီး စတာတွေလည်း စုံနေအောင် ၀ယ်စားကြ ၊
ကားပေါ်မှာ သင်္ကြန်သီချင်းလေးတွေ ဆိုကြ သံချပ်လေး ထိုးကြ နဲ့ ရီနေရပါတယ်။
‘အပျို ပိန်ပိန်ရေမစိမ် နဲ့ အီကြာကွေး အီကြာကွေး’ :D
‘ဟေ့ဟေ့ ဘိုမြ အဲဟုတ်ပါဘူး ..ဟေ့ဟေ့ နွေမ xx x ဟေ့ဟေ့ နွေမ ~~
နွေမ ရဲ့ကပုံ လေးက ချစ်စရာကွယ်’
လွမ်းဖွယ်… :(

သင်္ကြန်အတက်နေ့။
အတက်နေ့မှာတော့ တခြားသူငယ်ချင်းတွေထိုးတဲ့ အင်းယားလမ်းပေါ်က မဏ္ဏပ်ကို အဖွဲ့လိုက်ချီတက်ကြပါတယ်။ အဲဒီမှာ မနက်ပိုင်းနေကြပြီး ညနေပိုင်း ကိုတော့ ကျွန်တော်တို့မဏ္ဏပ်မှာဘဲ ပြန်ပြီးကဲကြပါတယ်။ အိုးမဲတွေသုတ်ကြ၊ သီချင်းဆိုကြ၊ ကကြခုန်ကြ နဲ့ အချိန် ဘယ်လိုကုန်လို့ကုန်မှန်းမသိအောင်ပါဘဲ။ နောက်ဆုံးနေ့ဆိုတော့ တော်တော်နဲ့ပွဲမသိမ်းကြဘဲ မှောင်တဲ့အထိ သောင်းကြမ်းလို့ကောင်းကြတုန်း။ လမ်းပေါ်က ကားတွေလည်း လမ်းပိတ်လို့ အဲဒီချိန်ထိ စီနေတုန်းဘဲလေ။
ကားဟွန်းသံတွေ၊Happy new year လို့အော်ဟစ် နှုတ်ဆက်သံတွေ ဆူညံရင်းနဲ့ဘဲ ကျွန်တော်တို့ရဲ သင်္ကြန်လေးရက်ဟာ အေးအေး ဆေးဆေး ပျော်ပျော်ရွှင်ရွှင် ပြီးဆုံး ပါတော့တယ်။
ဒါပါဘဲ ဗျာ။ အခုတော့ ဒီလိုသင်္ကြန်ရက် ပြန်ရဖို့ ဆိုတာ သူငယ်ချင်းတွေလည်း တကွဲတပြားစီ ဖြစ်ပြီး တကယ်ကို မလွယ်ကူတော့ပါ ဘူး။ ဒီpost ကိုဖတ်ရင်း သူငယ်ချင်းများ လည်း တခါက သင်္ကြန်မှာ ပျော်ခဲ့ကြတဲ့ နေ့ရက်များကို မြင်ယောင်အောက်မေ့ရင်း တမ်းတသတိရကြရင်း တကြိမ် ခံစား ပျော်ရျွှင်နိင်မယ်လို့မျှော်လင့်လျှက်…..

နစ်သစ်မှာပျော်ရွှင်ကြပါစေ။ ။
ကြိုးစားပါဦးမည်။
မောင်bee


4 comments:

myohan said...

hate kg yay... aku chain tot pyaw yar mhar ma nay naing thay bu pot kwar.. ngar doe tway stable pyit tae 1 nay'... pyan kell kya dar pot.. :D

g|-|0$7 said...

အဲ့ဒီ သီချင်းရဲ့ ဇာတ်လမ်းက ဂလိုကိုး... တို့ဇာတ်လိုက်ရှော်ကြီးက အဲ့ဒီလိုကို အဆိုကောင်းတာ

Vi-T said...

yangon pyan chin nay tar nawwwww.... a hint

Anonymous said...

အဟေဟေ.. နောင်နှစ်မှပဲ လာအားပေးတော့မယ်ဗျာ ခုတော့ အရမ်းနောက်ကျနေပြီဗျာ။