April 28 မှာ ကျရောက်တဲ့ ကျွန်တော် မောင်ဘီး ရဲ့ ၂၆နစ် မြောက် မွေးနေ့ပွဲကို ကြွရောက်ဆင်နွှဲပေးကြတဲ့ ခင်မင်ရင်းနီးရသော bloger ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ၊ညီ ညီမ အားလုံးနဲ့ ဘော်ဘော် အပေါင်းအား အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော် က ငယ်ငယ် ကတည်းကမွေးနေ့ ဆို သိပ်ပျော်ချင် ခဲ့တာလေ ဗျာ။
မွေးနေ့ နဲ့ပတ်သက်လို့ခံစားမိတာလေး ကို တခါက "မောင်ဘီးနဲ့မွေးနေ့ပွဲ" ဆိုပြီး ရေးဖူးသေးတယ်။ ကဲ ဒါတွေ ထားပါတော့။
ဒီနစ်တော့ အားလုံးနဲ့ကျွန်တော် blog မှာ ဘဲ အကျဉ်းချုံးပြီး ဖြစ်သလိုလေး birthday party ကိုကျင်းပတာ ပေါ့ဗျာ။
လာရ ကျိုးလေး နပ်သွားအောင် အစီအစဉ် လေးတွေ စရအောင်....
ဒါကတော့ မွေးနေ့ပွဲ ကျင်းပ မယ့် star crusie အပျော်စီးသင်္ဘော ကြီးပေါ့။ ဟီးဟိ။ မခန့်ဘူးလား ။ူဒီနီနီ နဲ့ဟာကြီးကတော့ သင်္ဘော ပေါ်ပါလာတဲ့ ကျွန်တော် ဘော်ဘော် တွေ တခြား emergency case လေးတွေရှိရင် ပြန်ပို့ပေးဖို့ပါ။ (ဟုတ်တယ် တချို့က ရေလည် ရောက်မှ ချစ်ချစ် က ကွိုင် လို့ ပြန်မယ် ဘာမယ် လုပ်တတ် လွန်းလို့ .. :P )
ဝါသနာပါရင် ၀င်ဆွဲ လေ။ ;)
ဒါလေးတွေကတော့ လာတဲ့ ဘော်ဘော်တွေ ပွဲမစခင် အေးအေး လူလူ နားဖို့ သင်္ဘော ပေါ် ကliving room နဲ့ private bed room ( အဟွန့် ဟွန့်)
အချိန်မရလို့အိမ်မပြန် နိင်ဘဲ တန်းလာကြတဲ့ ဘော်ဘော်တွေ ကျတော့ ရေလေးဘာလေး ချိုးချင်ချိုး ပေါ့။
ဒါကတော့ အကျွေးအမွေး အတွက် နေရာပါ။ ok လား?
ဒါလေးတွေက စစချင်း အဆာပြေ appetizer လေးတွေ။
အပြီးဆွဲ အားမနာနဲ့နော်။ ကြက်ဆင်ကင် နဲ့ thai style sea food cusineဒါလေးတွေက စစချင်း အဆာပြေ appetizer လေးတွေ။
ကျွန်တော့် favourite soft shell crab ( ဂလု .. )
စားပြီးရင် အချိုတည်းဖို့ ပါ။
ကဲပြီးပြီဆိုရင် ထမင်းလုံး စီရင်း နေရာရွှေ့ လိုက်ရအောင်.....
ဒါကတော့ အရှိန်အဟုန်လေးရဖို့ drink ရမယ့် private Bar ပါ။
ဒါက ပျော့ပျော့ ဘဲသောက်ချင်တဲ့ တီတီ၊မမ တွေ အတွက် punch နဲ့ wine
ဦးဦးကိုကို ညီမောင်တွေ ကတော့ ပေါ့ပေါ့ပါးပါး beer ဘဲ သောက်သောက်
ဒါမှမဟုတ် အပြင်းချမယ်ဆို လည်း ဖြစ်ရအောင် Henessy နဲ့ vodka ။ ဟဲဟဲ။
ဘား မှာ သောက်လို့ အရှိန်လေးရပြီဆိုရင် ကဲရမယ့်နေရာက ဒီမှာ။
အားလုံး ok အောင် လက်တိုလက်တောင်းသီချင်းဖွင့်ခိုင်းဖို့ DJ တယောက်ခေါ်ထား ပေးတယ်။~~~ ကဲ .... ကဲ သာ ကဲ ဂရုမစိုက် နဲ့ ~~~~
ဘယ်လိုလဲဗျ။ အားလုံး ok မယ်လို့ ထင်ပါတယ်။ (အကုန်အကျ အများကြီး ခံထားရတာနော် ဟီးဟီး)
ဟိုး ..... ဟိုး ...... အဲလို ပြီးတာနဲ့ ပြန်နဲ့ဦးလေဗျာ။
Birthday cake လေးနဲ့ song လေးတော့ ဆိုရဦးမှာ ပေါ့။
အပျော်စီးသင်္ဘောကြီးကတော့ ခုတ်မောင်း ဆဲ....
ကြိုးစားပါဦးမည်။
မောင်bee
၂၈. ၀၄ .၂၀၀၉စာကြွင်း။ ။ကျွန်တော်ရဲ့ ၂၆နစ်မြောက်မွေးနေ့အမှတ်တရ post ပါ။ အားလုံးဆီမှ commentတခုဆီလောက်အမှတ်တရ အဖြစ်မျော်လင့်ပါတယ်။ ကျေှးဇူးအမြောက်အများတင်ပါတယ် ဗျာ။ :D
14 comments:
happy happy happy birthday, bro!! wishing you have a blessing year and a nice birthday party!! :D
ပျော်ရွှင်ဖွယ် ၂၆နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ ကိုပြား
ကိုပြားမွေးနေ့ပွဲလုပ်တဲ့ သဘောင်္ကြီးဆီလာဖို့ အိပ်လိုက်ဦးမယ်... အဟတ်း)
28th yout mha pel pay tawt mel :P
သယ်ရင်းး Happy Birthday နော်....
ှုငါကနင်လက်တိုလက်တောင်းခိုင်းဖို့ dj ပဲလုပ်ပါမယ်ဟာ ;lol;
thar gyi downstairs ka hawker pal thwr mhal lay...ae dar thay char tal'..but very very good effort to present ur dream!!........see ya man
မွေးနေ့ပွဲ လာပါတယ်ဗျာ။
မွေးနေ့လက်ဆောင်တော့ ခု ကျွန်တော်စီးလာတဲ့ နောက်ဆုံးပေါ်ယာဉ်ပျံပဲ ယူထားလိုက်ပါတော့။ http://www.hellocuba.ca/crofton/images/204cow_cart204.jpg
ပျော်ရွှင်ပါစေ ကိုကိုပျား ရေ
ဆက်လက်ကြီး ကောင်းကောင်းကြီး ရှင်သန်သွားနိုင်ပါစေ :D
ကဲကဲ... မွေးနေ့ရောက်ပြီ... ဘာကျွေးမှာလဲ... ဘာတိုက်မှာလဲ... Friendship လား??? SuperCold လား??? :P
ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ အကိုရေ.. နောက်နှစ်ပေါင်းများစွာ စိတ်၏ကျန်းမာခြင်း၊ချမ်းသာခြင်းများစွာနဲ့ ချစ်သော မိသားစုနဲ့ သက်ဆုံးတိုင် နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
လေးစားလျက်
တောင်ပေါ်သား
Happy 26th Birthday !!!! yeah i like your party. its perfect.
hate kg yay.. sorry for my late wish kwar.. happy birthday!!! wish we can celebrate together next next bds...
ကိုပျားရေ ကျွန်တော်လဲ အလုပ်ရှုပ်နေတာနဲ့ မရောက်ဖြစ်ဖူး
နောက်ကျပေမဲ့ မွေနေ့လေး ဆုတောင်း ပေးသွားပါတယ်ဗျာ
နောက်နှစ်ပေါင်းများစွာ ပျော်ရွှင် ချမ်းမြေ့သော ဘ၀ ပိုင်ဆိုင်ပါစေဗျာ
အာဟာ.... တောက် နာသကွာ နောက်ကျသွားပြီ။ ခုတော့ သင်္ဘောက ကမ်းပြန်ကပ်ဖို့ လုပ်နေလို့ ကြိုးတောင် ချည်ပေး
လိုက်၇သဗျာ။ ကိုယ့်ဆရာ သတင်းတောင် လာမကြားဘူဗျာ.။ခုတော့ ကြိုးတောင်အစစ်ချည်ပေးလိုက်ရတယ်။
happy birthday par mg beeeee!!!
Post a Comment