Tuesday, September 23, 2008

အမေ နှင့် ရွာကို လွမ်းတယ်....












~ ~ လောကရဲ့ လမ်းများကို ...လျှောက်သွား ရင်း နဲ့မောပန်း နွမ်းနယ် ..~ ~
~ ~ နလုံးသား က လွမ်းဆွတ်လို့..... တမ်းတမိ ခဲ့ ... အမေ့ ရဲ့အိမ် ကို ~ ~
~ ~ အေးမြ တဲ့ အမေ့ရဲ့ မေတ္တာ ရိပ် နဲ့ .......ဝေး ခဲ့ သူ မို့ .............~ ~
~ ~ တခါတလေ ပြန်လည် တွေးရင်.......... ရင်မှာ ကို..ကြေကွဲ ~ ~

အော... ဘာလိုလို နဲ့ ...အမေ နှင့် ရွာကို ခွဲခဲ့ ရတာ၂နှစ် နီးပါး ရှိခဲ့ပြီပေါ့....
ဒီချိန်ဆို အမေ ဘာများလုပ်နေမလဲ. . .? ရွာမှာ ဘာတွေ ပြောင်း လဲနေ ပြီ လဲ .. .?

ကိုငှက် ရဲ့ အ မေ့ အိမ် သီချင်းလေး ကြားတော့... စာရေးသူ စိတ်ထဲမကောင်းဘူး။ အ လဲ့.. . ကို့ ကို ကို စာရေးသူ လို့ပြောလိုက်လို့ အထင်တော့ မကြီးလိုက်နဲ့။ ငယ်ငယ် ကတည်းက စာရေးဆရာ တွေ အဲလို နမ်စား သုံး တာ သိပ်သဘောကျခဲ့ တာ။
စာရေးသူ တို့ရွာ ဆိုတာ လော်စပီကာ မရှိ။အဲ ကာရာအိုကေ ရှိတယ်။ နောက်ပြီး ဆိုက်ကယ် မရှိ။ဆိုက်ကား တော့ ရှိ တယ်။ လှည်းလမ်း မရှိ။ အ မယ် ကား လမ်း ကြီး တွေရှိတယ်ဗျား။ ဒီ လောက်ဆို စာရေးသူ တို့ ဇာတိချက်ကြွေမွေးရပ်မြေ ကို သိလောက် ရောပေါ့။ အမှန်တော့ စာရေးသူ တို့ရွာဆိုတာ ရန်ကုန် ကိုပြောတာ။ ဟဲ ဟဲ ။
ဒီ post title လိုက်အောင် လျှောက်ဖြီး နေ တာ။ ဟဲ ဟဲ ။ ဖြီးလက်စ နဲ့တော့မထူး ဘူးလေ။ ဆက် ဖြီး ပါရစေ တော့။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
နံနက်မိုးသောက်တိုင်း အမေ ဘုရားဝတ်ပြုလို့ကြားရတဲ့ ကြေးစီ သံလေး မကြားရတာ ကြာပေါ့။ မနက်တိုင်း အမေ ကြော်ကျွေး တဲ့ မြန်မာ ပဲပြုတ်ထမင်းကြော် .....စားချင်နေမိတယ်။
ကံကောင်းလွန်းလို့ စားရရင်တောင် အမေ့ လက်ရာတော့မှီမယ် မထင်ပါဘူးလေ။
အော အမေ မေ့ လို့ .. ကျွန်တော် tea သွားသွား ဆွဲနေတဲ့ ဦးဖိုးထောင်တို့ ဆိုင် ကောရှိသေးလား ။ဟို လေ lucky seven ဆိုတာလေ။ အမေကြိုက် တယ် ဆိုတဲ့ ပဲပလာတာ က အဲဒီ ဆိုင်ကလေ။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
အမေ ....နေမှ ကောင်းရဲ့လား? ရွာမှာတော့ ကျွန်တော် မရှိတုန်း တော်တော် ပြောင်းလည်သွားတယ်ဆို. .ရွာထိပ် က လက်ပံပင်ကြီးလည်း အပွင့်မရှိတော့ဘူး တဲ့။ သင်္ကြန်ဆို ဝေနေအောင်ပွင့်တဲ့ ရွာက ပိတောက်ပင် ကြီးဆိုလည်း မပွင့်နိုင်တော့ဘူး တဲ့ ။ ဟိုး တလောက နာဂစ် ဝင်လို့ ရွာမှာရှိတဲ့အပင် တွေ ကုန်ပြီလို့ ကိုရင်သာဂိ အလည်လာတုန်းကပြောသွားတယ်။ ဟုတ်လား အမေ ? ။ ဒါဆို ငယ်ငယ် က ကျွန်တော် နဲ့ မယ်တင် တို့ စိမ်ပြေးတမ်း ကစားခဲ့တဲ့ ကံ့ကောတန်း လည်း ရွက်ဟောင်းကြွေလို့ ရွက်သစ်မဝေနိုင်တော့ဘူး ပေါ့။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
နေခင်း ထမင်စားချိန် ဆို အမေချက်တဲ့ ကြက်သားဆီပြန် ကို မရမ်းသီးငပိချက် လေး နဲ့လွေး ချင် တာ...
ဟိုလေ ....ပြီးတော့.. ညနေ ဆို ရွာမြောက်ပိုင်း IBC ကန်ဘောင်မှာလုံမပျို တွေ ရေခပ်ဆင်း ကြရောပေါ့
အမေတော့ သိမှာ မဟုတ်ဘူး။ ဒါက ကာလသားခေါင်း ကိုရင်ချက်ကြီး တို့ ကိုရင်အောင်ဘု တို့မှသိမှာ...။
ုညီမလေး မိညက်ကို တော့ ရေသွား မခပ် ခိုင်းနဲ့အမေ။ alpine တို့ oasis တို့ရှိ တာဘဲ။
ဒီနေရာ မှာတော့ပိုက်ဆံ မနမြှော နဲ့အ မေ။ ဝမ်းရောဂါ ရ မှာဆိုလို့။ ... နော်.... အ မေ။

အမေ နှင့် ရွာကို လွမ်းတယ်....အမေ ။
ညဦး ပိုင်း လောက်ဆို ရွာတောင်ပိုင်းက power light ထန်းတော မှာ ထန်းရေ လေးသောက်၊ မိမိုးမဲ တို့ ( M3 ) ဆိုင်မှာ ကာရာအိုကေ လေ ဟဲ....ဟန်ကိုကျနေတာ ဘဲ...။ လွမ်းတယ် အမေ ရယ်။ တော်တော် သိ သိ သာသာကိုလွမ်းတာ။ဒါ နဲ့ ရွာက မျှော်စဉ် ကျွန်းဘုရားပွဲ တို့ မြရိပ်ညို ဇာတ်ပွဲ တို့ ရော လုပ်သေးလား မသိဘူး။

့မယ်တင် လေး လဲ ကျွန်တော့်ကို လွမ်းရှာ ရော ပေါ့။
သူကော အမေဆီ လားသေးလား? ဟိုးတလောက သံကြိုးစာ မှာ ဒီတစ်ခေါက် သီတင်းကျွတ် လို့ ရွာကိုပြန်မလာရင် ဘဒွေး ခွေးပု ရဲ့ သား ဖိုးစိန်ကိုဘဲ ယူလိုက်တော့မယ် ပြောတယ် အမေ။
ဒီတစ်ခါ အမေဆီလာရင် နား ချ ပေးပါအုန်း

ဘာဘဲ ဖြစ်ဖြစ် ဒီတခေါက် သီတင်းကျွတ်တော့ အမေ ကိုကန်တော့ ရင်း ရွာ ကို တ ခေါက် ပြန်ဦး မယ်....လို့ စာရေးသူ စိတ်ကူးမိတယ်။
အဲဒီအခါ ကျရင် ရွာအဝင်လမ်းက ရန်ကုန် international airport မှာ အမေနဲ့မယ်တင် လာကြိုမှာကို စာရေးသူ စိတ်ကူးနဲ့ပုံဖော်ကြည့် နေမိတယ်။

~~~ အိမ်ပြန်ချင်တယ်..... ဟူး ..... အငြိမ်အချမ်းဆုံး အမေ့အိမ် ~~~
~~~ အိမ်ပြန်ချင်တယ် .....ဟူး .....အနွေးထွေးဆုံး အမေ့အိမ့် ~~~
~~~ အိပ်မရတဲ့ ညများစွာ ထဲ အိုး ရ ထားဥဩသံ လေးများကြား ရင်း ~ ~
~ ~ အိမ်ပြန် ချင်တဲ့စိတ်ကလေး တားမရဘူး ~ ~ ~

စာရေးသူ။ ။Blog ရဲ့ ပထမ ဆုံး post အဖြစ် နဲ့ အမေ ကို ကန်တော့ ရင်း ကျွန်တော် ထာဝရ လေးစားရသော ဦးငှက်(ထူးအိမ်သင်-ကွယ်လွန်) ကို သတိတရ.......

7 comments:

g|-|0$7 said...

သပြေရိပ်က london နဲ့ ကျစိမ့်လေးကိုရော မလွမ်းဘူးလားကွ

g|-|0$7 said...

ငါတို့ ထိုင်နေကျ အင်းယားလမ်းက friendship ကိုရော... အဲ့ဒီတုန်းကကျတော့ super cold super cold လို့ အော်နေပြီးတော့... အခုတော့ မေ့ပြီပေါ့လေ

သံလွင် HeRo said...

ရေးချက်တွေကလန်ထွက်နေတာဘဲဗျာ...ရွာနောက်ပိုင်းက hero့ရွာလည်ပိုင်းကဦးဖိုးတုတ်ရဲ့ပွင့်သစ်စမ်းတို့ရောမလွမ်းဘူးလား။ ဟဲဟဲ ...

မောင်bee said...

လွမ်း တာတော့အများကြီး ကျန်ခဲ့တာ သေချာတယ်။ ဝိုင်းအားပေးတာ ကျေးဇူး. . . .

g|-|0$7 said...

ညဘက် မအိပ်ပဲနဲ့ DOTA ခုတ်ပြီးတော့ ပွင့်သစ်စမ်းမှာ သွားသွားထိုင်ခဲ့တဲ့နေ့တွေကိုလဲ လွမ်းတယ်

ဗီလိန် said...

စစ်တိုက်တန်းကစားခဲ့တဲ့ Counter Cyber Shop ကိုကောဟင်။

ဗီလိန် said...

စစ်တိုက်တန်းကစားခဲ့တဲ့ Counter Cyber Shop ကိုကောဟင်။