Friday, January 23, 2009

သွေးတစ္ဆေ (၁)


(၁)
ခြောက်သွေ့ အေးဆက်သော ဆောင်းညတည တွင်ဖြစ်သည် ။ ရန်ကုန် မြို့ နှင့် မနီးမဝေးရှိ ဟိုင်းဝေးလမ်းမတခုပေါ်တွင် အသက်နှစ်ဆယ်ဝန်းကျင်ခန့်သမီးရည်းစား လူရွယ်နှစ်ဦး လိုက်ပါလာသော ကားတစီး ခပ်မှန်မှန် မောင်းနှင်လာနေသည်။
"မောင် မေ တို့ဘယ်ကိုသွားနေ တာလဲ"
တကယ်တော့ သူ ကိုယ်တိုင်ပင် ဘယ်ကိုခရီး ဦးတည် နေမှန်းသေချာမသိပါ။ ချစ်သူကို လက်လွှတ်ဆုံးရှုံးမခံနိုင်သည့်စိတ်ဖြင့် သူ မေ့ကို ခိုးရာလိုက်ဖို့ခေါ်လာခြင်းဖြစ်သည်။

"မောင့် သူငယ်ချင်း အိမ် ကို ... မေ"
ဟု ဖြေပြီး သက်ပြင်းပုန်းတချက် သူ ခိုးရှိုက်လိုက်သည်။မေ ကိုကြည့်တော့ ဘာကိုမှ မပူပန်သလိုပင်၊ သူ့အပေါ်ထားတဲ့ ယုံကြည်မှုကို မေ့ မျက်နာပေါ်တွင် သူ အတိုင်းသားမြင်နေရသည်။ တချက်ချက် ရှက်သွေးပင် ဖြာလိုက်သေးသည်။ဒီလိုည မျိုးမှာ မေ ရင်ခုန်နေမည်ဟု သူသိနေသည်။

ချစ်သူကို အပြည့်အဝယုံကြည်ပေးခဲ့တဲ့ မေ၊ ချစ်သူနဲ့ဆို အရာရာကိုရင်ဆိုင်ရဲတဲ့ မေ .....
သူ ကားကို ဆက်မောင်းချင်စိတ်မရှိတော့။ရုတ်တရက် ကားရပ်လိုက်သော သူ့ကို မေ က

" မောင် ဘာဖြစ်လို့ လဲ "
သူ လက်ညိုး ကိုနုတ်ခမ်းပေါ်တင် ပြီး ဘာမှမပြောနဲ့ဆိုသည့် သဘောဖြင့် မေ့ ကို ကြည့်နေလိုက်သည်။မေ့ကို ကြည့်ရင်း အစောက စိုးရိမ်မှုတွေလည်း မရှိတော့။ မေ ပေးတဲ့ယုံကြည်မှု သာ သူ့ ရဲ့အမြင့်ဆုံး ယုံကြည်မှုဖြစ်လိမ့်မည်။မေ့ လက်ခလေး ကို သူ ဖွဖွဆုပ်ကိုင်ထားလိုက်သည်။ မေ က နားလည်ယုံကြည်တဲ့ မျက်ဝန်းတစုံ ဖြင့် နုတ်ခမ်းတွေကို ပြုံးတယ်ဆိုရုံ ပြုံးထား၏။
ထိုအခိုက် ဆောင်းလေတဝေ့ တိုက်ခပ်မှု ကြောင့် ရနံ့တခု သူ ရုတ်တရက် ခံစားမိလိုက်သည်။ ထိုရနံ့ ၏ လှူံ့ဆော် မှူကြောင့် စိတ်ထဲမှာ တခုခုပြောင်းလဲ နေသည်ဟု သူခံစားနေမိသည်။ သူ ဘာဖြစ်တာလဲ ။ ကို့ကို ကို မေးခွန်းပြန်ထုတ်လိုက်မိသည်။ တခုခုကို ဆာလောင်နေသလိုလို၊ သူ ကိုယ်တိုင် သူ့အာရုံကို ဝေခွဲလို့မရ။ ရုတ်တရက် ကြမ်းတမ်းလာသော စိတ်ကို ထိန်းရင်း ကားအပြင်ဘက်ကို သူ ချက်ချင်းထွက်လိုက်မိသည်။ဟုတ်သည်။
ရနံ့တခု၏ လှူံ့ဆော်မှုကြောင့် သူ့စိတ်တွေ အလိုလိုခက်ထန် လာနေသည်ကိုသတိပြုမိလိုက်သည်။ ထိုရနံ့၏ ပိုင်ရှင်မှာ သူအလွန်ချစ်ရသော သူ့ချစ်သူ "မေ" ပင်ဖြစ်သည်။ မေနဲ့သူ ချစ်သူဖြစ်ခဲ့သော သုံးနစ်တာ ကာလအတွင်း ဒီလိုခံစားမှုမျိုး တကြိမ်တခါမှမကြုံခဲ့ဘူးပေ။ဟုတ်သည်။သူ ဘာဖြစ်နေ သနည်း။
သူ တုန်လှုပ်နေသည်မှာ သူ့ချစ်သူကို သူကိုယ်တိုင် ဒုက္ခပေးမိမှာဖြစ်သည်။

"မောင်..."
ကားအတွင်းခန်းမှ မေ ၏ ခေါ်သံမှာ အနည်းငယ်တုန်ရီနေပြီး သူ့ကိုနားမလည်နိုင်ခြင်း၊စိုးရိမ်ခြင်းများ ပြည့်လျှံနေသည်။ ရုတ်ချည်းပြောင်းလဲသွားသော သူ့ပုံစံကို မေ လည်းသတိပြူမိလောက်ရော ပေါ့။

" မောင် ဘာဖြစ်နေတာလဲ"
ပြင်းပြစူးရှတဲ့ရနံ့ကြောင့် မေ ကားပေါ်မှဆင်းလာပြီ ဆိုသည်ကို သူလှည့်မကြည့်ဘဲ သိနေသည်။ သူစိတ်တွေ အလိုလိုတင်းကြပ်လာနေသည်။ သူကို့သူ ထိန်းချုပ် နိုင်မှုလည်း တဖြေးဖြေးလျော့ကျလာနေသည်။

".............."
မေ က သူနောက်မှ သိုင်းဖက်လိုက်တဲ့အချိန်မှာတော့ သူ ထိုရနံ့၏ စွဲဆောင်မှု ကို ဘယ်လိုမှ တားဆီးနိုင်စွမ်းမရှိတော့ပေ။

ဆာလောင် မွတ်သိပ်မှု၊ ပြင်းပြ တဲ့ တပ်မက်မှု ကြောင့် သူ၏မူလ မျက်နာမှာ သားကောင်ကို တွေ့သည့်ဝံပုလွေ တကောင်နှယ့် ကြမ်းကြုပ် စပ်စုပ်ဖွယ်အသွင်သို့ ပြောင်းလဲသွား၏။ သူ မျက်လုံး များမှာနီရဲလာပြီး ပါးစပ်မှ အံစွယ်များပါ ရှည်မျလာသည်။ပြီးနောက် သူ၏ရှည်လျှားစူးမျသောအစွယ်တစုံ က သူ့ ချစ်သူ၏ အိစက်ညက်ညောသော လည်တိုင်ကို ထိုးဖောက် ရင်း ............

" အား .......................... "
မိန်းကလေးတဦး၏ စူးရှ ထိတ်လန့်ဖွယ် အသံနက်ကြီးတခု ........
ထိုညကား လမိုက်ည ...
သွေးတစ္ဆေ တကောင်....

ညကား . . .. . မှောင်မိုက်နေ၏ ။

(ဆက်လက်ဖတ်ရှူ ပါရန်......)
မောင်bee
ကြိုးစားပါဦးမည်။

3 comments:

chanye` said...

အောင်မလေး..ဖတ်ရင် ကြက်သီးထလာပီ။ ကြောက်တတ်ပါတယ်ဆိုမှ လုပ်ပြီ :(

ကိုရင်နော်ခင်လေးငယ် said...

ကိုဘီး အီးဟီးးးဟီးးးးးးး....
အိပ်တော့မလို့ပါဆို.. ကိုဘီးး အသစ်တက်လာလို့ လာဖတ်တာ တစ္ဆေကားကြီးဖြစ်နေတယ်..
အိပ်ရဲတော့ဘူး..

ဆိုးလိုက်တဲ့ တစ္ဆေ ကိုယ်ချစ်သူကိုများ ရက်ရက်စက်စက်..

ဆက်ရန်လေးတွေ မျှော်နေပါမယ်..
အဲ့.. ညဘက်ကြီးတော့ တင်နဲ့နော် နေ့ဘက်လေးတင်..

သံလွင် HeRo said...

ဟား...ကောင်းခန်းရောက်နေပြီ...ဆက်ပါဗျို့...