Monday, January 26, 2009

သွေးတစ္ဆေ (၃)

သွေးတစ္ဆေ (၂) မှ..................

(၃)
" တံတားဖြူ ပါလား? တံတားဖြူ "

ကိုရဲ စီးလာသော ၅၁ ဘတ်စ်ကား ပြည်လမ်း တံတားဖြူမှတ်တိုင်မရောက်ခင် ကားစပယ်ယာ ၏ မတိုးမကျယ် လှမ်းမေးသံ ဖြစ်သည်။
"ပါတယ် .....ပါတယ် "
ခပ်စပ်စပ်ဖြေရင်းကားတံခါးဝရှိရာသို့ သူ နည်းနည်းတိုး လျှောက်ထားလိုက်၏။
တံတားဖြူမှတ်တိုင် အဆင်း လက်ပက်နာရီကို ကြည့်တော့ လေးနာရီ စွန်းစွန်းသာရှိသေးသည်။
တမင်တကာ အိမ်မှ သူ စောစောကြိုထွက်လာခြင်းသာဖြစ်သည်။

"မောင် ၅နာရီနော် နောက်မကျနဲ့ ထိုင်နေကျ နေရာမှာဘယ် စောင့်နေ မေလာခဲ့ မယ်"
ညက ဖုန်းထဲမှ မေ့အသံကို ပြန်ကြားယောင်နေပြန်သည်။

ရုံးပိတ်ရက်ဖြစ်သည့်အလျှောက် အပန်းဖြေသူများ၊ကျန်းမာရေး အတွက်လမ်းလျှောက်သူများဖြင့် အင်းယားကန်ဘောင်က စည်ကားလျှက်ပင်။ ထိုင်နေကျခုံတန်းလေး ပေါ်က သူနဲ့မေ အရင်တုန်းက ရေးခဲ့သောစာတမ်းလေး ကိုတွေ့တော့ သူပိုပြီး ဆို့နစ်သွား၏။ စုံတွဲအချို့ဘေးမှဖြတ်လျှောက်သွားသော်လည်း သူလှည့်မကြည့်ဖြစ်၊အင်းယားကန်ရေပြင် ကိုပင်ဦးတည်ချက်မရှိ ငေးနေလိုက်သည်။

သူ့အတွေးထဲမှာ မေ့ပုံရိပ်တွေအစီအရီ ပေါ်လာနေသည်။
ဒီနေရာလေး မှာ သူနဲ့မေ သီချင်းတပုတ်တူတူ ညည်း ခဲ့ကြဖူး သည်။ အိပ်မက်တစုံ ကိုအတူတူ မက်ခဲ့ဖူးသည်။အိပ်တန်းငှတ် တွေကိုကြည့်ရင်း အနာဂတ်တွေကို ပုံဖော်ခဲ့ဖူးသည်။အခုတော့ ဒါတွေ အားလုံးဘယ်ရောက်သွားတာလဲ? သူ ယုံကြည်မျှော်လင့်ခဲ့တဲ့ အနာဂတ်တခု ပြိုကျခဲ့ပြီဘဲလေ။
သူ လက်ထဲမှ စာရွက်ခေါက်လေးကို အားနဲ့ဖိဆုပ်လိုက်ရင်း မျက်လုံးတွေ ရီဝေလာသည်။

"မေ........."
စိတ်ထဲမှ ရေရွတ်ရင်း မျက်လုံးတွင်းမှ မျက်ရည်စတချို့ စီးကျလာသည်။

ဟုတ်တယ် သူ မေ့ကို ထပ်မတွေ့သင့်တော့။ ဘယ်တော့မှလည်း မေ့နားမှာ သူမနေသင့်တော့။ သူက မေ့ အတွက် သွေးတစ္ဆေ တကောင် ဖြစ်နေနှင့်ပြီဖြစ်သည်။
သူထိုင်နေရာမှထလိုက်ပြီး ပြူံး သည်။ ထို အပြူံး မှာ တခုခု ကိုအောင်မြင်လိုက်သော အပြူံးမျိုး။
ဆုံးဖြတ်ချက် တခုအတွက် ကျေနပ်သည့်အပြူံးမျိုးပင်။
သူလက်ထဲမှာတော့ တစစီဆုပ်ချေထားသည့် စာရွက်ခေါက်လေးတခု၊
အမှန်တော့ဒီစာရွက်ခေါက်လေးမှာ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဆေးခန်းမှ ထုတ်ပေးလိုက်သော သူ့အတွက် ဆေးစစ်အဖြေတခုသာ ဖြစ်သည်။ထိုဆေးစစ်ချက်အရ သူဟာ Leukaemia ခေါ် သွေးကင်ဆာရောဂါ ဝေဒနာရှင် ဖြစ်ကြောင်း သူသိခဲ့ရသည်။
ထိုပြင် ထိုရောဂါဝေဒနာရှင်များသည် ပုံမှန် သွေးလဲရန် လိုအပ်ကြောင်း၊ခန္ဒာကိုယ်အတွက်လိုအပ်သည့် သွေးသွင်းမှုမရရှိပါက ရောဂါမှာတဖြေးဖြေးပိုဆိုးလာ နိုင်ကြောင်း ဆရာဝန် မှတဆင့် သူသိထား၏။ တနည်းအားဖြင့်ဆိုသော် အခြားသူတယောက်၏ သွေးသွင်းပေးမူဖြင့်သာ သူ အသက်ရှင်နေထိုင်နိုင်တော့မည် ဖြစ်သည်။ ဒီလိုနဲ့ သူ့ရောဂါ ကျွမ်းလာသည်နှင့်အမျှ သွေးသွင်းမှုများ စိတ်လာဦးမည်။ ထိုအခါ မေအပါအဝင် သူနဲ့ သွေးအုပ်စုချင်း တူသူများဆီမှသွေး ကို သူ့အသက်ရှင်မှုအတွက် လောင်စာတခုလို သွင်းယူစားသုံးရဦးမည်။ ဘယ်လိုဘဲဖြစ်ဖြစ် တနေ့တော့ ဒီရောဂါဆိုး ကြီးဖြင့် လောကကြီးမှ သူထွက်သွားရဦးမည်ဖြစ်သည်။
ဒီလိုအခြေအနေမျိုး မှာ သူ မေ့နားမှာ ထွက်ခွါသွားသင့်ပြီ။ သူရဲ့တစစီဖြစ်နေတဲ့ အနာဂတ်တွေ မေ့ကိုမပေးချင်တော့။ မေ့ ကို သူ စွန့်လွှတ်သင့်ပြီလေ....

သူကျောခိုင်း ပြီးထွက်လာခဲ့ပြီဖြစ်သည်။ မေ့နဲ့ထိုင်ခဲ့တဲ့နေရာလေးကိုကော၊ မေ့ကိုကောပေါ့

ဟုတ်ပါသည်။ သူက သူ မက်နေကျ အိမ်မက်ထဲက သွေးတစ္ဆေတကောင် ဖြစ်သည်။ သူအသက်ရှင်နေထိုင်မှု အတွက် တပါးလူများ၏ သွေးကို စုပ်ယူစားသုံးရဦးမည်။သို့သော် သူ့ချစ်သူ ၏ သွေးကိုတော့ ဘယ်သောအခါမျှ ရက်ရက်စက်စက် မစုပ် ယူ နိုင်သည့်  သွေးတစ္ဆေ တကောင်ပင်တည်း။ ......

ကြိုးစားပါဦးမည်
မောင်bee -------------------- ပြီး။ --------------------------


စာကြွင်း ။ ။ ဤဇာတ်လမ်း မှာ စာရေးသူ သူငယ်ချင်း Hell man၏ Leukaemia သီချင်း ကို သီချင်းဝတ္တု(MTV)အဖြစ် တတ်သလောက် ခံစားဖန်တီးခြင်း သာဖြစ်သည်။ ခံစားနားဆင်နိုင်ရန် စာသား နှင့်တကွ တပါတည်း Uploadလုပ်ပေးထားပါသည်။




Leukaemia-(regular) - Hellman
~~ခြောက်လှန့်တဲ့အိပ်မက်ဆိုး နဲ့ငါ့ ဘဝအသက်ရှင်ခဲ့
~ ဘာမှအတိအကျမသိတဲ့အနာဂတ်နဲ့ ~
ဘယ်လိုအဆုံးသတ်မလဲ တွေးလို့မရအောင်ငါရီဝေနေတယ်

တကယ်ကိုဆုံးဖြတ်ခက်တဲ့ကံတရားဘဲ ~~

~ မင်းတို့ရဲ့သွေးစက်များနဲ့ ငါ့ကမ္ဘာလည်နေတယ်
ငါ့ဟာသွေးစုပ်တတ်တဲ့တစ္ဆေတယောက်လို
~~မြင်နေခဲ့တယ်မင်းတို့အားလုံးအတွေးထဲ
````သံသရာမလည်နိုင်အောင် ငါလေ အဝေးဆုံးပြေးထွက်ချင်ပေမယ့် ~~



cho: ရောဂါကျွမ်း နေခဲ့ အားငယ်ရင်းနွမ်းနေတယ် ငါတယောက်ထဲ မထားနဲ့ ~~~
ဘဝမှာ ထနေရင်းကျိုးနေခဲ့ စနေရင်းဆုံးနေခဲ့
ဘယ်သူလာဖန်ဆင်းတဲ့ အရှုံးတွေ ...အရှုံးတွေ~~~
~~~ Leukaemia ~~Leukaemia

~~ တငွေ့ငွေ့နဲ့ခမ်းခြောက်သွားတဲ့ငါ့ ကိုယ်ထဲမှာသွေးစက်မဲ့
ငါလေအသက်ဆက်သွားဖို့ လောင်စာအဖြစ်နဲ့ ~
~~လိုချင်မိတယ်မင်းတို့သွေးလေးနည်းနည်းလာကူညီပါဦး

ငါလေအသက်ဆက်ပြီးတော့ရှင်ချင်သေးတယ်~~


~~လှိုင်းများနဲ့ဝမ်းဗိုက်ပေါက်ခဲ့ ငါ့လှေငယ်ဟာဆန် နေတယ်
ပင်လယ်ကြီးရဲ့ ပုတ်ခတ်လှောင်ရယ်သံများနဲ့ ~`
ဘယ်ကမ်းကပ်မလဲ ဝဲဂယက်ထဲတော့ချာချာလည်နေတယ်
~~ငါ့လေကမ်းရောက်တဲ့အထိလှော်ချင်ပေမယ့် ~~
cho:
လူ့ဘဝရောင့်ရဲ ပေမယ့် ငါ့အတွက်ခဏလေးလိုဘဲ
ငါဘယ်သူမှအကျိုးမပြူဘဲ အားလုံးငါကျောခိုင်းခဲ့
သွေးတွေခြောက်ခမ်းနေခဲ့ ငါ့ကိုအရောင်လွှင့်စေတဲ့
လူ့ဘဝသေမင်း လက်ထဲ လောကကြီးထဲပျောက်ကွယ်
~~~ Leukaemia ~~Leukaemia~~~

~~~(တငွေ့ငွေ့နဲ့ခမ်းခြောက်သွားခဲ့ လူ့ဘဝရဲ့နေ့ရက်များထဲ)2
~~ ~~ အကျိုးနည်း. ..............

13 comments:

ဗီလိန် said...

လေကမှာ သေရတာထက် ရှင်ရတာ ခက်သဗျ။
ဥပမာဗျာ ရှေ့တန်းတစ်နေရာမှာ ကိုယ့်ဘက်နဲ့ ရန်သူဘက်နဲ့ အင်အား အဆမတန်ကွာနေပြီ။ ဘယ်လိုမှ တောင့်မခံနိုင်လောက်အောင် ဖြစ်နေပြီဆိုရင် ကိုယ့်ကိုကိုယ် Suicide လုပ်တဲ့သူတွေရှိပါတယ်။ မရမက နောက်ဆုံးထွက်သက် နောက်ဆုံး ကျည်ဆံ ကျန်တဲ့ အထိ တိုက်တဲ့သူလည်းရှိပါတယ်။ အဲဒီ့သူက ရန်သူ့လက်အောက် သုံ့ပန်း ဖြစ်ချင်ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် သူဟာ အဲဒါတွေမကြည့်ပဲ ကိုယ့်ဘက်က အနိုင်ရရေးအတွက် လုပ်ခဲ့တာပါ။ သေတဲ့သူကတော့ လွယ်ပါတယ်။

ဒီလိုပါပဲ။ တခါတလေမှာ အချစ်ဆိုတာကလည်း ထူးဆန်းပါတယ်။ တကယ်ကို နှစ်နှစ်ကာကာ ချစ်တယ်ဆိုတဲ့ သူတွေဆိုခဲ့ရင်။ တကယ်ကြီးကို ချစ်တယ်(သေချာတယ်) ဆိုရင်ပေါ့ဗျာ။ ဖွင့်ပြောပြီးကို သူ့ကိုမေးသင့်တယ်။ သူသာ တကယ်ချစ်ရင် လက်ထက်မှာပဲ။ နောက်ဆုံး အချိန် နောက်ဆုံး ထွက်သက်အထိ သူကဘေးမှာ ရှိနေပေးလိမ့်မယ်။ မကြာခင်မှာ သေတော့မယ့် လင်ယောက်ျား ကိုယ့်ချစ်သူ တစ်ယောက်ကို ပြုစုရမယ့် မိန်းမတစ်ယောက်ရဲ့ဘဝဟာ မလွယ်ပါဘူး။ ဒီ့အတူ ယောက်ျားသေလို့ တခုလပ် မုဆိုးမ ဘဝနဲ့ ဆက်လက် ရပ်တည်ဖို့ကလည်း မလွယ်ပါဘူး။ အပေါ်မှာ ပြောသလိုပါပဲဗျာ။ သေရတာထက် ရှင်ရတာပိုခက်ပါတယ်။ စွန့်လွှတ်ရတာထက် ပိုင်ဆိုင်ရတာ ပိုကောင်းပါတယ်ဗျာ။ ကိုယ့်တောင် စွန့်လွှတ်နိုင်သေးတာပဲ။ သူ့ကလည်း ပေးဆပ်နိုင်မှာပါ။ တကယ်ချစ်ရင်ပေါ့။ လူ့သက်တမ်းက တိုတိုလေးပါဗျာ။ ရှိတဲ့ အချိန်လေးတွေ တန်ဖိုးထားပြီး တူတူနေတာ ပိုကောင်းပါလိမ့်မယ်ဗျာ။ ခက်ခဲပါတယ်ဆိုတဲ့ “ပေးဆပ်ခွင့်” ကို သူ့ကို လုပ်ခွင့် ပေးလိုက်ပါ။ သူလည်း လိုလိုလားလား လက်ခံပါလိမ့်မယ်။

ဗီလိန် said...

http://www.villain-lay.co.cc/2008/10/blog-post_04.html
http://www.villain-lay.co.cc/2008/10/blog-post_05.html
ကျနော့ရဲ့ အဆိပ်ချိုချိုကို ဖတ်ကြည့်ပါလားဗျ။ :)

သံလွင် HeRo said...

ကိုဗီပြောသလို သူတစ်ကယ်ချစ်ရင် ကိုယ့်ကိုပေး
ဆပ်မှာပါ...ပေးဆပ်ခွင့်ကိုလည်းသူကပေးမှာပါ။
ဒါပေမဲ့...
အချစ်သူရဲကောင်းတော်တော်များများက
ကိုယ့်ချစ်သူရဲ့ပေးဆပ်ခွင့်ထက် ကိုယ်တိုင်ပေးဆပ်
လိုက်ရတာကို ဂုဏ်ယူတတ်ကြတယ်။ ပြီးတော့ကိုယ်
တိုင်လည်းပိုပြီးခံစားရလို့တဲ့လေ...အဲဒီခံစားချက်နဲ့ပဲ
သူ့ချစ်ကူအတွက် ပေးဆပ်လိုက်ရတာကိုက ကိုယ့်ကိုယ့်ကိုယ်ကျေနပ်နှစ်သိပ်နေတတ်ကြပါတယ်...

မောင်bee said...

အားရတယ်ဗျာ commentကြီးကို thank you ကိုဗီ ... ကိုဗီသုံးသပ်တာလက်ခံပါတယ်။ အဆိပ်ချိုချို ကိုလည်းဖတ်ဖူးပါတယ်။
ဒီဇာတ်လမ်း မှာတော့ ဇာတ်ကောင် ကိုရဲဟာ သူ ညည မက်နေတဲ့အိပ်မက်တွေလို
သူဟာသွေးတစ္ဆေတကောင်ဟု
ထင်မှတ်သွားတာကတကြောင်း၊
သူနဲ့သွေးအမျိုးအစား တူတဲ့ သူ့ချစ်သူဆီကသွေး ကိုမသွင်းလိုသည်ကတကြောင်းတို့ကြောင့်
ကိုယ်တိုင် စွန့်လွှတ်အနစ်နာခံသွားတာပါ။
ဒါဟာ ဇာတ်ရဲ့ အဓိက theme ပါပဲ။ သူ့ချစ်သူရဲ့ ပေးဆပ်ခွင့်ကို သူကိုယ်တိုင် မလိုချင်တော့တဲ့ ကိုရဲ ရဲ့ personal ဆုံးဖြတ်ချက်ပါ။ မောင်ဘီး ဆိုတမျိုးပေါ့။ အမလေး အဒါတော့ မဖြစ်ပါရစေနဲ့။ ဘယ်လိုဘဲဖြစ်ဖြစ် ဆွေးနွေးပေး တာ special thank you ကို v .... :P

Anonymous said...

ဇာတ်လမ်းလေးမဆိုးဘူး ကောင်းပါတယ်။
ကျနော့်သူငယ်ချင်းမလေး တယောက်လဲ ဒီ
ရောဂါပဲဗျ ခုထိ အကောင်းကြိးပဲ ဘာမှ မဖြစ်
သေးဘူး သူဆိုရင် ယောကျာင်္းတေါဘာတွေယူပြီး အေးဆေးပဲ
ပျော်လို့ ရွှင်လို့ အံမယ်စီးပွားတောင် တက်လာတယ်ဗျ ဒီတော့ဗျာ.......................

ဗီလိန် said...

ကိုသံလွင်ပြောတာဟုတ်ပါတယ်။ လူတွေက ကိုယ်စွန့်လွှတ်ဖို့ကို ပြောပြီး ဂုဏ်ယူတတ်ကြပါတယ်။ ဒါလည်းကောင်းပါတယ်။ စွန့်လွှတ်နိုင်တယ် ဆိုကတည်းက Good way ပါ။ ဒါပေမယ့် စွန်လွှတ်ခွင့်ပေးတယ် ဆိုတာကို ကျနော်က Best way လို့ သတ်မှတ်ချင်လို့ပါ။ နက်နဲပါတယ်။ လူတွေက မသနားတတ်လိုက်တာ။ သူမလို့ ယူတယ်။ သူရရင်ပြီးရော ကောင်မလေးကို ဒုက္ခပေးတယ်(ရောဂါကူးတယ်။) ကောင်မလေးမှာ ဘာအပြစ်မှ မရှိပဲနဲ့............. စတဲ့ စကားလုံးတွေကြားထဲက သေခါနီးလူတစ်ယောက်ကလည်း မလွယ်လှပါဘူး။ လူတွေကတော့ ရိုးရိုးပဲတွေးကြမှာပဲလေ။ ဟုတ်တယ်မလား

ဗီလိန် said...

ကိုဘီးဇ် ရေးတာလည်းကြိုက်ပါတယ်ဗျာ။ ဒီလိုလုပ်ရဘူးလို့တော့ မဟုတ်ပါဘူး။ ကောင်းပါတယ်။ ကျနော်ရေးတာ ကျနော့အတွေးပါ။
အပိုင်း ၃ ပိုင်းကို ပုံစံ ၃မျိုးနဲ့ ခေါ်သွားတာကိုလည်း ကြိုက်တယ်ဗျာ။

တောင်ပေါ်သား said...

အကိုရေ စာတွေ မြင်ရလို့ အရမ်းဝမ်းသာပါတယ်ဗျာ

စာတွေ ဖတ်သွားပါတယ် အချစ်ဟာ တခါတလေ ဆန်းကြယ်ပါတယ် ရယူလိုခြင်း ရှိသလို ပေးဆပ် အနစ်နာခံခြင်းလဲ ရှိတတ်ပါတယ်။ အားလုံး ချစ်သောသူနဲ့ ပေါင်းစပ်နိုင်ရင် အကောင်းဆုံးပေါ့နော့်


လေးစားလျက်
တောင်ပေါ်သား

ဝှိုက်ဝှိုက် said...

ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ
ပျော်ရွှင်ပါစေနော်

:P said...

ကြောက်စရာမဟုတ်ပဲ သနားစရာ ဖြစ်နေပါလား။

ဖိုးဂျယ် said...

ချစ်သူကို အရမ်းချစ်လို့ ဒုက္ခတွင်းထဲ
ဆွဲမခေါ်ချင်တဲ့ ကောင်လေးတစ်ယောက်ရဲ့
ခံစားချက်လို့မြင်ပါတယ်။ တခါတခါမှာ
ဒီလို ကိုယ်ချစ်သူကို ထည့်မတွက်ပဲ
ကိုယ့်တစ်ဦးတည်း ဆုံးဖြတ်ချက်က ချစ်သူကို
ရင်နာစေတတ်ပါတယ်။
အားပေးလျှက်ပါ ကိုဘီးရေ

NangNyi said...

စာရော ကောမန့်တွေရော ကောင်းလှပါတယ်..

chanye` said...

အောင်မလေး .. ဆွေးရပြန်ပါပေါ့ ကိုဘီးဘီးရယ် ..
ဇာတ်လမ်းလေးက တော်တော်ကို ကောင်းတယ်။ နောက်ထပ် ၀တ္ထုတိုလေးတွေ စောင့်ဖတ်နေအုံးမယ်ဗျာ ။