Sunday, January 25, 2009

သွေးတစ္ဆေ (၂)


သွေးတစ္ဆေ (၁) မှ ...........


(၂)

ကိုရဲ အိပ်ရာက နိုးတော့ ခုတင်ပေါ်ကပင် ချက်ချင်းမထနိုင်သေး။ မိုးရေယို၍ ဟိုတကွက်ဒီတကွက် မည်းညစ်နေတဲ့ အခန်းမျက်နာကျက်ကိုငေးရင်း မနေ့ည က အိပ်မက်အကြောင်း ပြန်စဉ်းစား နေမိသေးသည်။ အမှန်တော့ ဒီလို အိပ်မက် ခပ်ညစ်ညစ် တွေ မကြာမကြာမက်နေသည် မှာ တလလောက် ရှိပြီဖြစ်သည်။ အိပ်မက် က နိုးလာတိုင်းလည်း သူ အရင်ဆုံး တွေးမိသည်မှာ မေ့ အကြောင်းပင်ဖြစ်သည်။

မေ့ ကို သူ ဘယ်လိုဖွင့် ပြောရမလဲ။


" သား ရေ ၊ ကိုရဲ နိုးသေးဘူးလား? ထတော့လေကွယ်၊ မျက်နာသစ်ပြီး ကော်ဖီလာသောက် ချည်း"


ရုတ်တရက် ထမင်းစားခန်းမှ မေမေ့ အသံကြောင့် သူ့ခေါင်းထဲမှ အတွေးတွေ ခဏလွှင့်စင်သွား၏။ မေမေ က မနက်တိုင်းစောစောထ၍ ဝတ်ပြူခြင်း၊ဘုရားဝေရာဝစ္စပြူလုပ်ခြင်း၊နောက်ဆုံး မီးဖိုချောင်ကိစ္စ ပြီးသည်အထိ အိမ်ထောင်ရှင်မကောင်းတယောက်၏ လုပ်ခင်းဆောင်တာ များကို စနစ်တကျလုပ်တတ်သည်။ ထိုသို့ လုပ်ပြီး တိုင်း သူ့ ကို ယခု ကဲ့သို့ နှိုးမြဲပင်။သူ သွားတိုက်ရင်းက အိပ်မက်ထဲမှ စပ်စုပ်ဖွယ် မျက်နာတချပ် မှန်ထဲတွင် ဖျတ်ခနဲပေါ်လာပြန်သည်။


သွေးတစ္ဆေ .........သူ က သွေးတစ္ဆေ တကောင်တဲ့ လား?


သူ ခေါင်းကိုခါရမ်းပြီး မျက်လုံးကို ခဏပိတ်ထားလိုက်သည်။ မျက်လုံးပြန်ဖွင့်ကြည့်တော့ မျက်နာသစ်ထားပြီး ကာစ သူ့ပင်ကို မျက်နာလွင်လွင်၊....................

"ဝှိုး"

သက်ပြင်းတချက် ခပ်ပြင်းပြင်း သူ မှူတ်ထုတ်လိုက်သည်။ရုံးပိတ်ရက်ဖြစ်၍ ကော်ဖီသောက်ရန် အိမ်အောက်ထပ်ကို သူ အေးအေးလူလူပင်ဆင်းလာခဲ့သည်။ရုံးဖွင့်ရက် ဆိုလျှင်တောင် သူ ရုံးကိုသွားဖြစ်မည်မထင်။ဘယ်အလုပ်ကိုမှလည်း သူအာရုံစူးစိုက် လို့ရမှာမဟုတ်ဘူးဆိုတာ သူ့ကိုသူသိနေသည်။


"သား ဒီနေ့ဘယ်သွားစရာရှိသေးလဲ? မမေနဲ့ ကောချိန်းထားသေးလား?"

သူသောက်မည့် ခွက်ထဲသို့ ကော်ဖီ ဌဲ့ပေးရင်း အမေက မေးသည်။


"ထွေထွေထူးထူးတော့ မရှိဘူး အမေ၊ မေ နဲ့တော့ ညနေဘက်တွေ့မယ် ပြောထားတယ်"

သူက လေးပင်ပင်ဖြစ်နေသည့်စိတ်ကို အမေ မရိပ်မိအောင် ခပ်သွက်သွက်ဖြေပြီး ကော်ဖီတကျိုက် လှမ်းငုံလိုက်သည်။ အမေ ကပင် ဆက်ပြီး


"သမီးလေး ကိုလည်းပြောလိုက်ပါဦး၊အိမ်မှာထမင်းလာ စားပါဦး လို့၊ အမေကခေါ်နေတယ် လို့"


အမေ က မေ့ကိုဆိုလျှင် သမီးအရင်းတယောက်လို ချစ်ရှာသည်။ မေ က တည်ကြည်သည်။ အိနြေ္ဒရှိသည်။ သူနဲ့မေ သမီးရည်းစားဖြစ်ကာစက ပင် မေ့ကို ကိုရဲ တို့တအိမ်သားလုံးကသဘောကျကြသည်။ မေ နဲ့ သူ့ အကြောင်းကို မေ့အိမ်ကတော့ သေချာသိပုံ မပေါ်ပေ။ မေက ၂ယောက်အတူတူအလုပ်လုပ်ရင်း အဆင်ပြေပြီဆိုမှ ဖွင့်ပြောကြရန် သဘောတူ ထားကြသည်။


ဒီရက်ပိုင်း ကိုရဲ မေ နှင့် သွားမတွေ့တာ လေးရက် ရှိပြီဖြစ်၍ မနေ့ညကပင် မေကဖုန်းဆက်ချိန်းခြင်းဖြစ်သည်။ ဒီကြားထဲမှာ မေ နဲ့တွေ့ရင် တခုခုအကြောင်း ပြကာ ရှောင်ရှောင်ပြေးခဲ့သည်။ အမှန်ပြောရရင် ဒီနေ့လည်းသူ မေ့ကိုသွားမတွေ့ချင်။ မေ့ အနားမှာရှိချင်ပေမယ့် မေမသိတဲ့ အကြောင်းအရာတခု မေနဲ့ သူ့ ကြားမှာအခိုင်အမာရှိနေပြီကိုး။
အရင်က ဆို သူ ရုံးဆင်းတာနဲ့မေ့ရုံးကို သွားကြိုပြီး အတူတူ အိမ်ပြန်နေကျ၊ တခါတလေ အိမ်တန်းမပြန်ဘဲ လှည်းတန်း လမ်းဆုံက မြှီးရှည်ဝင်စားတတ်သည်။ ဘုရား တူတူသွားပြီး ငါးစာလိပ်စာ ဝင်ကျွေးတတ်သည်။ကန်ဘောင်မှာထိုင်ပြီး အင်းယားရေပြင်ထဲနေလုံးကြီးဝင်သွားတာ ထိုင်ကြည့်နေကြတတ်သည်။တခါတလေကျတော့ မေ စိတ်ကောက်လို့ သူနောက်ကတကောက်ကောက် လိုက်ချော့ ရတတ်သေး၏။ံ

သူ တွေးရင်း ပြုံးမိသည်ဟု ထင်သည်။ တဆက်တည်းမှာပင် မေ့အတွက် သူ စိတ်မကောင်းဖြစ်မိပြန်သည်။ တဖန်အခန်းရှိရာအိမ်ပေါ်ထပ်သို့ ပြန်တက်လာပြီး ကုတင်ပေါ်သို့လေးပင်စွာ ပြန်လှဲနေလိုက်၏။ လက်ရှိအခြေအနေ အတွက် ဘာကို ဆုံးဖြတ်ရမည်ကို သူ ဝေခွဲလို့မရဖြစ်နေသည်


အခန်းအတွင်းနံရံကပ်ပိုစတာပေါ်ရှိ သွေးတစ္ဆေတကောင်ကတော့ သူ့ကို စိုက်ကြည့်နေသယောင် ......


သွေးတစ္ဆေ တကောင်..... ဟုတ်တယ် .....တကယ်တော့ ...သူက ဖြစ်မှန်းမသိဖြစ်နေသည့်

........................ သွေးတစ္ဆေတကောင်ပင်တည်း။
(ဇာတ်သိမ်း ဆက်လက်ဖတ်ရှူပါ ရန်)

မောင်bee

ကြိုးစားပါဦးမည်။

4 comments:

ကိုရင်နော်ခင်လေးငယ် said...

ဇတ်သိမ်းပိုင်း.. ဘာတွေဖြစ်မှာလဲ..?
:P

chanye` said...

ဇာတ်လမ်းတော့ တဖြည်းဖြည်းပေါ်လာပြီဟ..
လုပ်ထား...။ အပိုင်း ၃ ကျရင် ခပ်ရှည်ရှည်လေးရေးလေဗျာ ။ ..ဖတ်လို့ကောင်းတယ်

သံလွင် HeRo said...

အစွယ်ကြီးနဲ့ ဒွယ်ကူလာကြီးလား...
ဟိုဆော်ကြီးတော့ပြသနာတတ်တော့မှာပဲ...
သွားပါပြီဗျာ...ဆံ့တငံ့ငံ့ထားခဲ့ပြန်ပြီ...ဟားဟား

:P said...

ခုမှ လာဖြစ်ပြီး စိတ်ဝင်တစား ဖတ်သွားပါတယ်။